သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label Apple (iOS) မိုဘိုင်းနည်းပညာ. Show all posts
Showing posts with label Apple (iOS) မိုဘိုင်းနည်းပညာ. Show all posts

Thursday, May 23, 2013

Wireless sync for iPhone, iPod touch, and iPad

Wi-Fi Sync



Wi-Fi Sync က iPhone/ iPod Touch ကို Windows က iTunes မှာ

USB Cable မလိုဘဲ Wifi နဲ့ Sync လုပ်လို့ရပါတယ်။







Wifi Router ရှိုဖို့တော့ လိုပါတယ်။

Wi-Fi Sync ကို Run ထားပြီးတော့ iFunBox နဲ့လည်း တွဲသုံးလို့ရပါတယ်။



Windows မှာ တင်ဖို့အတွက် http://getwifisync.com/ မှာ download လုပ်ပါ။



Mac မှာ တင်ဖို့အတွက်လည်း ရှိပါတယ်။



iPhone/ iPod Touch အတွက်ကတော့ Cydia မှာ Wi-Fi Sync ကိုရှာ သွင်းလိုက်ပါ။



Windows မှာ Wi-Fi Sync ကို install လုပ်ပြီးသွားရင် Taskbar မှာ iPhone/ iPod Touch iconပေါ်လာလိမ့်မယ် ။

ပြီးရင် iPhone/ iPod Touch က Wi-Fi Sync ကို Run လိုက်ရင် Windows မှာ Sync လုပ်မလားမေးလိမ့်မယ်။



Yes နိပ်လိုက်ရင် iPhone/ iPod Touch မှာလည်း Sync လုပ်မလားမေးလိမ့်မယ်။ Yes နိပ်လိုက်လို့



Windows က taskbar icon က အနက်ရောကနေ အစိမ်းရောင်ပြောင်းသွားရင်



Windows နဲ့ iPhone/ iPod Touch ကို Sync လုပ်လို့ရပါပြီ။





http://www.iphonedownloadblog.com/2010/05/14/wi-fi-sync/

Wednesday, May 22, 2013

iPad ၏ ဘက်ထရီသက်တမ်း ကောင်းမွန်စေရန် နည်းလမ်း...

၁။ Push and Fetch Setting များချိန်ညှိခြင်း
    မိမိအနေဖြင့် iPad အသုံးပြုကာ mail စစ်ခြင်းအားအဓိကမသုံးလျှင်တော့ Push Setting အား Off
    လုပ်ထားပေးသင့်ပါတယ်။ ထို့အပြင် Fetch Setting တွင်လည်း Manually (သို့) Hourly ရွေးပေး
    ထားရပါမယ်။ Push and Fetch Setting ကိုချိန်ညှိနိုင်ရန် Setting>Main, Contacts, Calendar
    >Fetch New Data ကို သွားကာ ချိန်ညှိထားနိုင်ပါတယ်။
၂။ Bluetooth အားပိတ်ထားခြင်း
    Bluetooth keyboard ဖြင့် iPad2 အား အမြဲအသုံးမပြုရင်တော့ Bluetooth အား ပိတ်ထားသင့်ပါ
    တယ်။ Bluetooth အားပိတ်ထားရန်အတွက် Setting မှ General သို့သွားကာ Bluetooth အား
    Off လုပ်ထားပေးနိုင်ပါတယ်။
၃။ Wi-Fi အားမလိုအပ်သောအချိန် ပိတ်ထားခြင်း
မိမိရဲ့ မနက်ခင်း အားလပ်ချိန်လေးမှာ iBook စာအုပ်စင်လေး စာအုပ်တစ်အုပ်ယူဖတ်မယ်၊           အပျင်းပြေလေး Supper Stickman Golf ဂိမ်းခဏဆော့မယ်၊ အဲအတွက် Wi-Fi ဖွင့်ထားခြင်းတွေမလုအပ်ပါဘူး။ Wi-Fi အသုံးမလိုတဲ့အခါများတွင် Wi-Fi အားပိတ်ထားပေးသင့်ပါတယ်။ Wi-Fi အားပိတ်ရန်အတွက် Setting မှ Wi-Fi သို့သွားကာ Off လုပ်ပေးရပါတယ်။
၎။ Ping အားပိတ်ထားခြင်း
Apple ရှဲ့Social networking music ၀န်ဆောင်မှုဖြစ်တဲ့ Ping ဟာ IOS 4.3 တွင် default အားဖြင့် On လုပ်ထားပေးပါတယ်။ ထိုသို့ On ထားခြင်းသည် ဘက်ထရီသက်တမ်းအား လျော့နည်းစေပါတယ်။ အဲ့အတွက် အား Off လုပ်ထားသင့်ပါတယ်။ Setting မှ General and enable Restriction သို့သွားကာ Ping အား Off လုပ်ပေးထားနိုင်ပါတယ်။
၅။ Location Service application များအား ပိတ်ထားခြင်း
တည်နေရာပြ application များအား အမြဲဖွင့်ထားမယ်ဆိုရင်တော့ ဘက်ထရီသက်တမ်းကို  လျော့နည်းစေပါတယ်။ အဲဒီအတွက် Location service ပေးတဲ့ application များကို အသုံးပြုပြီးတော့ သေချာပိတ်သင်ပြါတယ်။ Location Service application များကို ပိတ်ရန် setting မှ Location Services သို့သွား Location Service ပေးတဲ့ application များ(ဥပမာ- Google Maps (သို့) အခြား GPS application)  ကိုပိတ်ပေးထားသင့်ပါတယ်။
၆။ Off Natification
မလိုအပ်တဲ့ Notification များကိုလဲ ပိတ်ထားသင့်ပါတယ်။ အချို့ application များတွင် notification များကို အမြဲဖော်ပြပေးနေပါတယ်။ Notification များအားပိတ်ရာတွင် Notification အားလုံးကိုပိတ်ထားခြင်း (သို့) Notification ဖော်ပြတဲ့ application များကို ရွေးချယ်ပိတ်နိုင်ပါတယ်။
၇။ Turn off Equalizer
iPad ရဲ့ iPod application မှ Equalizer ကိုပိတ်ထားခြင်းအားဖြင့်လည်း ဘက်ထရီသက်တမ်းကို ကြာရှည်ခံအောင်ပြုလုပ်နိုင်ပါတယ်။ Setting မှ iPod သို့ သွားကာ Off အားရွေးကာ ပိတ်ထားနိုင်ပါတယ်။
၈။ Screen Brightness အားချိန်ညှိခြင်း
Screen Brightness အား အမြင့်ဆုံးထားတာ အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီကို လျှင်မြန်စွာကုန်စေပါတယ်။ အဲဒီအတွက် screen Brightness အား အနည်းငယ်လျော့ကာ အသုံးပြုသင့်ပါတယ်။ settings> Brightness & Wallpaper သို့သွားကာချိန်ညှိနိုင်ပါတယ်။
၉။ ပတ်ဝန်းကျင်ရာသီဥတုအား ဂရုစိုက်ခြင်း
Apple မှ iPad ၏ အပူချိန်ဒီဂရီအား 32 နှင့် 95 ဒီဂရီအကြားတွင် ထားသင့်ကြောင်း ဖော်ပြထားပါတယ်။ ကမ်းခြေများတွင် အသုံးပြုရင်လည်း အရိပ်ထဲတွင် အသုံးပြုသင့်ပါတယ်။ ထို့အပြင် ကားထဲတွင်လည်း အပူချိန်များတဲ့ နေရာတွင်လည်း မထးပါနှင့်။
၁၀။ Up to Date
မိမိရဲ့ Ipad အား update ပြုလုပ်ကာ အသုံးပြုသင့်ပါတယ်။ တစ်ချို့ update များမှာ ဘက်ထရီအားတိုးတက်ကောင်းမွန်စေတဲ့ နည်းပညာများပါဝင်လာပါတယ်။ မိမိအနေဖြင့် iPad အား Jailbreak လုပ်ကာ application များ ထည့်သွင်းအသုံးပြုတယ်ဆိုရင်တော့ မိမိ update လုပ်မယ့် version ဟာ Jailbreak ရမရကြိုတင်လေ့လာပြီးမှ update လုပ်သင့်ပါတယ်။

Monday, May 20, 2013

ကျွန်တော်သိသော iPhone မှ Wifi ပြန်လွှင့်နည်း


စိုးကြီးးး: အကိုရေ iph ကနေ wifi လွှင့်လို့ရအောင်ဘယ်လိုလုပ်ရမလဲ iph version 5.1.1 ပါ (Cbox)
soe htay Lin : အကိုရေ iph ကနေwifi ပြန်လွှင့်တဲ့ software ကို cydia ကနေဘယ်လိုဒေါင်းရမလဲ ဆိုတာလေးပြာပေးလို့ရမလား ကျွန်တော်က iph ကနေ wifi ပြန်လွှင့်ပေးချင်လို့ပါ ကျွန်တော့ iph က version  5.1.1 ပါ (Email)

ကိုစိုးကြီးအပါအ၀င် မသိသေးသူများအတွက် ကျွန်တော်သိတာလေးပြောပြပေးလိုက်ပါတယ်..

Setting ကနေ ပြုလုပ်နည်း
1. Setting>General>Celluler ကိုနှိပ်လိုက်ပါ..


2. ပြီးရင် Personal Hotspot ကိုထပ်နှိပ်လိုက်ပါ.. ပြီးရင် Personal Hotspot ကို on ပေးလိုက်ပါ..


3. Password ထားချင်ရင်တော့ Wi-Fi Password ကိုတစ်ချက်နှိပ်ပြီး Password ပေးနိုင်ပါတယ်..

Application ဖြင့် ပြုလုပ်နည်း
iOS အတွက် Wi-Fi ပြန်လွှင့်ဖို့တော့ MyWi ဆိုတဲ့ App ကိုသုံးတာပဲသိပါတယ်.. ဒါကြောင့် MyWi ကိုပဲ ညွှန်ပါရစေ.
1.ဒီ App ကိုသုံးမယ်ဆိုရင် Jailbreak လုပ်ပြီးသားဖြစ်ရပါမယ်.. Cydia ထဲမှာ MyWi ကိုရှာပြီး ဒေါင်းရမှာဖြစ်ပါတယ်.. Free မရပါဘူး.. 9.99 ဒေါ်လာကျသင့်မယ်လို့ဆိုပါတယ်.. ဖရီးရတာကတော့ အခြားဆိုဒ်တွေမှာ သီးခြားဒေါင်းဖို့လိုမယ်ထင်ပါတယ်..
2. ဘယ်လိုနည်းနဲ့ပဲရရပေါ့.. MyWi ကိုရရင်တော့ Install လုပ်လိုက်ပါ.. ပြီးရင် ဖုန်းကို Reboot လုပ်ပေးရမှာဖြစ်ပါတယ်..
3. ဖုန်းပြန်ပွင့်လာရင် MyWi ကို Run လိုက်ပြီး WiFi Tethering ကို On ပေးလိုက်ပါ.
4. ဒါဆိုရင်တော့ Wifi Name မှာ နာမည်ပြောင်းလို့လည်းရပါတယ်.. Password ခံထားချင်ရင်တော့ Web Security ကို On ထားပေးရပါမယ်..
5. Tethering အောက်က USB and Bluetooth ကို On ပေးလိုက်ပါ..
ဒါဆိုရင်  Status မှာ WiFi Broadcasting ဆိုပြီး ကိုယ့် WiFi နာမည်လေးပေါ်နေပါလိမ့်မယ်...



အဆင်ပြေမယ်လို့ယုံကြည်ပါတယ်.. ကျွန်တော့်မှာ လက်တွေ့ပြစရာ iDevice ဆိုလို့ မူးလို့တောင် ရှုစရာမရှိတဲ့အတွက် တစ်ခြားနည်းတွေနဲ့ ဝေေ၀ဆာဆာ မပြနိုင်တာ နားလည်ပေးပါ..

MyWi ကို အောက်ကလင့်မှာလည်း တွေ့ထားပါတယ်.. Cydia မလိုပါဘူး.. ဒီပို့စ် တင်နေတဲ့အချိန်ထိတော့ လင့်တွေ ကောင်းနေပါသေးတယ်..

အဆင်ပြေပါစေ...


 
by komaungpauk

Sunday, May 19, 2013

Jailbreak iOS6


နာမည်ကြီး Hacker Group တစ်ခုဖြစ်တဲ့ iPhone Dev Team မှ Hacker များဟာ RedSnow Version အသစ်ကိုထပ်မံဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။အရင်ဗားရှင်းဟောင်းဖြစ်တဲ့ 0.9.13dev4 တုန်းကလို Cydia ကို Manaul နည်းနဲ့ထပ်ထည့်စရာမလိုတော့ပဲ အခုဗာversionသစ်မှာတော့ Cydia ကိုပါ တစ်ပါတည်းပါဝင်လာအောင်ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။သို့သော်ကံဆိုးစွာနဲ့ပဲကျွန်တော်တို့စောင့်မျှော်နေတဲ့ Untethered Jailbreak တော့မထွက်ရှိလာသေးပါဘူး။Tethered Jailbreak ပါပဲ။ဘာပဲဖြစ်ဖြစ် ဒီ Tool အသစ်ထွက်လာတော့လည်း ကျွန်တော်တို့ Cydia ကိုထပ်ထည့်သွင်းဖို့အတွက်အလုပ်မရှုပ်တော့ဘူးပေါ့။ အခု RedSnow 0.9.15b1 မှာ Cydia ကို Complete Support လုပ်ပေးထားပါတယ်။အောက်မှာတော့သူနဲ့ Compatible ဖြစ်မယ့် Device တွေကိုဖော်ပြထားပါတယ်။

Compatible Devices..,

iPod touch 4th Generation
iPhone 4
iPhone 3GS
iPad 1




Woww!! New Feature တွေကတော့အများကြီးပါပဲလား…

Restore from any 5.x iOS to any other (up, down or the same) 5.x iOS on all devices as long as you have the correct blobs (see more below)
Cydia now included in the tethered 6.0 jailbreak on A4 devices
Automatically “Just Boot” tethered when qualifying A4 device connects in DFU mode
Untethered 6.0 jailbreak on old-bootrom 3GS
Untethered 6.0 hactivation on any 3GS or iPhone4
Directly restore pre-A5 devices to earlier firmware — no more complicated 15-step how-to’s with stitching, iTunes errors, and “hosts file” concerns
Fetch new signed blobs for any IPSW (present or future — no redsn0w update required) using Extras->SHSH Blobs->New
Block the BB update for any 3GS or iPhone4 restore (past, present, or future — no redsn0w update required) using Extras->Even More->Restore
Deactivate any iPhone, useful for testing your “official” unlock status through iTunes.  (Please only deactivate your own iPhone!)
Activation status shown on “Even more” page
Significantly more (very nerdy) info returned by “Identify” button when device is in Normal mode
Tethered jailbreak of ATV2 supported (but the only thing available for it is the SSH2 custom bundle available here — no Cydia yet.  Must use “Select IPSW” for tethered boot of ATV2 for now).
Auto-exit WTF mode for older devices with broken buttons
Any time a set of blobs is fetched remotely (from Apple or Cydia), redsn0w also saves them locally (and will check there first if you click “Local”)
For your future restoring convenience, you should also submit all of your past and present TinyUmbrella blobs to Cydia if you haven’t done so yet.  Resubmitting is okay and won’t cause conflicts.
ကျွန်တော်ကတော့အပေါ်ဆုံးက New Feature ကိုအကြိုက်ဆုံးပဲ…သို့သော်လက်တွေ့မစမ်းသပ်ရသေးဘူး။

ကဲ…ဒီနေရာမှာဒေါင်းကြစို့။ 

Download redsnow 0.9.15b1 for Windows.

Download Redsnow 0.9.15b1 for Mac.



Nickypaing(MMAS).

by myanmarmobileapp

Evasi0n 1.4 for Jailbreaking iOS 6.1.2 (iDevices)


Latest iOS 6.1.2 တင်ထားတဲ့ iDevice တွေအတွက် Jailbreak လုပ်နိုင်မဲ့ Evasi0n 1.4 for Jailbreaking iOS 6.1.2 တင်ပေးလိုက်ပါတယ်။ 9.6 MB ရှိပြီး Windows version ပါ။ လိုချင်ရင် အောက်က Link မှာဒေါင်သွားပါ။

SolidFiles Link
TusFiles Link

iOS 6.xx Jailbreak Tool (Evasi0n 1.2 Released With Bug Fixes And OTA Update Removal)

ကဲဒါကတော့ နာမည်ကျော် iPhone ရဲ့ iOS 6.xx တွေကို Jailbreak လုပ်တဲ့ Evasi0n နောက်ဆုံးထွက် version 1.2 ပါ။ ဒီလိုဆိုထားပါတယ်----
The Evasi0n Jailbreaking tool was updated to version 1.1 on Wednesday to fix two errors relating to the Weather app and long boot times. Now, the Evad3rs have released Evasi0n 1.2 that disables over-the-air (OTA) updates and corrects timezone issues. As OTA updates do not work on Jailbroken devices anyways, this is a handy update. Those of you also experiencing timezone issues will appreciate the fact that you can be on time once again.
This will likely be the last update for the Evasi0n Jailbreak unless more widespread issues are reported. If you have held off on Jailbreaking your iPhone, iPod Touch or iPad until all the quirks have been worked out, now would be a good time to go ahead and join over 7 million others who have Jailbroken their iOS device(s).
Those of you who are already Jailbroken will be glad to know this update has also been pushed via Cydia and if you go inside the Changes tab you should see the update waiting for you.
လိုချင်ရင်
by မျိုးမင်းထွန်း

iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း

iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်ပါတယ်။

Jailbreak ဖန်တီးသော အဖွဲ့  "evad3rs" က ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပေးနိုင်မည်ဟု ကြေငြာထားခဲ့သော်လည်း Final Testing အချောသတ် ပြုလုပ်မှုများကြောင့် ယနေ့ မှ ထွက်ရှိလာခဲ့နိုင်တာဖြစ်ပါတယ်..

** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **


  • Device သည် iOS 6.1 update လုပ်ထားပြီးသား ဖြစ်ရပါမည်။
  • မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
  • "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
  • Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။


>> Download Evasi0n (WindowsMac OS XLinux

လုပ်ငန်းစဉ် 

အဆင့် ၁)
ပထမဦးစွာ မိမိ၏ iOS Device ကို PC နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။


အဆင့် ၂)
Backup လုပ်ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ (device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)

အဆင့် ၃)
အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။

အဆင့် ၄)
"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်)


အဆင့် ၅)
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။



အဆင့် ၆)
ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။


အဆင့် ၇)
ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။


အဆင့် ၈)
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။


Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။


အခုဆိုရင် သင့် Device iOS6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ...
အားလုံးပဲ iOS 6.1 အတွက် Jailbreak ကို စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်....

**UPDATE**
Appsync iOS 6 အတွက် Cydia Source "http://cydia.myrepospace.com/Bl00dra1n/" (ဘီအယ်(လ်)သုညသုည) ဖြစ်ပါတယ်...

by မိုးသိကြား

iOS 6.1.3 ကို redsn0w ဖြင့် Jailbreak လုပ်နည်း


iOS 6.1.3 ကို sn0wbreeze နှင့် JB လုပ်နည်းကို တင်ပြခဲ့ပြီးပါပြီ၊ ယခုတစ်ဖန် iOS 6.1.3 ကိုပဲ redsn0w နှင့် ထောင်ဖောက်နိုင်ရန် ထပ်မံ တင်ပြလိုက်ပါတယ်။ iOS 6.1.2 ကို အသုံးပြုနေသူများ iOS 6.1.3 သို့  Update မလုပ်မိစေရန် အထူးသတိထားဖို့  လိုအပ်ပါတယ်။

ယခုတင်ပြပေးမည့် နည်းလမ်းသည်လည်း iDevice များအားလုံးအတွက် မဟုတ်ပဲ iOS 6.1.3 ကိုတင်ထားသော pre-A5 device များ အတွက်သာဖြစ်ပြီး Tethered JB နည်းလမ်းနှင့်သာ ထောင်ဖောက်နိုင်ပါမည်။

**Jailbreak လုပ်နိုင်မည့် iDevice များ**
iPhone 4
iPhone 3Gs
iPodTouch 4G

Downloads
>> Redsn0w 0.9.15b3 (Windows / Mac)
>> iOS 6.0 IPSW

**အထူးသတိပြုရန်**

ယခုတင်ပြမည့် နည်းလမ်းသည် Tethered Jailbreak နည်းလမ်းဖြစ်သည့် အတွက် Jailbreak ဖြစ်သွားပြီးနောက် iDevice ကို Reboot တိုင်း PC မှတစ်ဆင့် Redsn0w နှင့် ချိပ်ဆက်ပြီးမှသာလျှင် ပြန်လည် နိုးထနိုင်ပါလိမ့်မည်။

လုပ်ငန်းစဉ်
လိုအပ်သော Redsnow 0.9.15b3 နှင့် သက်ဆိုင်ရာ iDevice ၏ iOS 6.0 ကို ဦးစွာ Download ရယူထားပါ။

အဆင့် ၁)
Redsn0w ကို Run ပါ။

အဆင့် ၂)
"Extras" button ကို နှိပ်ပြီး "Select IPSW" ကိုရွေးပါ။

အဆင့် ၃)
အပေါ်တွင် Download ရယူခဲ့သော မိမိ Device နှင့် သက်ဆိုင်သည့် iOS 6.0 ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Redsn0w ၏ Main screen သို့  Back နှင့် ပြန်သွားပြီး "Jailbreak" button ကို နှိပ်ပါ။ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။

အဆင့် ၅)
iDevice ကို PC နှင့် ချိပ်ဆက်ပြီးနောက် "Next" ကိုနှိပ်ပါ။
ဤနေရာတွင် Redsn0w မှ DFU mode သို့  ဝင်ရန် တစ်ဆင့်ချင်း ညွှန်ကြားပါလိမ့်မည်၊ အချိန်ကိုက် လုပ်ဆောင်ပါ။

အဆင့် ၆)
DFU mode သို့  ဝင်ရောက်သွားသည့် တစ်ပြိုင်နက် Redsn0w က အလိုလျှောက် Jailbreak စတင် လုပ်ဆောင်ပေးပါလိမ့်မည်။

**မှတ်ချက်**
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်။
ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။

>> Run Redsn0w -> Extras -> Just Boot

by မိုးသိကြား

Tuesday, May 14, 2013

How to Jailbreak and Activate Without Sim Card in iOS 6.1.2 (using Sn0wbreeze)

images
ကဲ..အခုပြောမယ့်နည်းလေးက iPhone တွေအကုန်လုံးကို Support လုပ်မယ်ထင်ပါတယ်။ကျွန်တော့်iPhone4 မှာစမ်းသပ်ကြည့်သလောက်တော့အင်မတန်လွယ်ကူပြီး အောင်မြင်စွာ Jailbreak လုပ်နိုင်၊ Activate လုပ်နိုင်ပါတယ်။
အရမ်းလွယ်ပါတယ်။ကဲ…စကြရအောင်…ဒါကဒုတိယနည်းလေးပေါ့ဗျာ   :D
Download sn0wbreezedl-master
Download iOS 6.1.2 IPSW (ရှိပြီးသားဆိုရင်မဒေါင်းနဲ့တော့နော်…)
၁။ sn0wbreezedl-master.zip  ကိုဇစ်ဖြည်လိုက်ပါ။sn0wbreeze-v2.9.10 ကို Administrator Mode ဖြင့် Run ပါ။Antivirus ရှိပါက ခဏပိတ်ထားပါ။
၂။ Welcome screen မှာ Ok ကိုနှိပ်ပါ။မြှားအပြာလေးကိုဆက်နှိပ်ပါ။Browse For an IPSW နေရာကိုနှိပ်ပြီး Download ဆွဲထားသော iOS 6.1.2 IPSW ကိုရွေးပေးပါ။မြှားပြာလေးကိုဆက်နှိပ်ပါ။
၃။ Expert Mode ကိုနှိပ်ပါ။General ကိုအမှန်ခြစ်ပါ။မြှားပြာလေးဆက်နှိပ်ပါ။Activate The iPhone[Hacktivate) နေရာမှာအမှန်ခြစ်ပါ။မြှားပြာလေးကိုဆက်နှိပ်ပါ။နောက်တစ်ချက်ဆက်နှိပ်ပါ။အောက်ဖက်နားက Build IPSW ကိုနှိပ်ပါ။
snow     snow1
၎။ Sn0wbreeze ကနေ Custom IPSW တစ်ခုထုတ်နေပါပြီ။နဲနဲတော့ကြာတတ်ပါတယ်။စိတ်ရှည်ပါ။Custom IPSW ထုတ်လို့ပြီးသွားတဲ့အခါ ok နှိပ်လိုက်ပါ။(ထုတ်လိုက်သော Custom IPSW သည် Desktop ပေါ်တွင်ရောက်နေပါမည်။ဥပမာ-sn0wbreeze_iPhone_4-GSM-6.1.2-10B146)
၅။ သင့်ဖုန်းကို USB ဖြင့်ချိတ်ဆက်ပါ။ပါဝါပိတ်လိုက်ပါ။ပြီးလျှင် Start ကိုနှိပ်ပြီး ညွှန်ကြားသည့်အတိုင်းလိုက်လုပ်ပေးပါ။အောင်မြင်ပါက အောက်ကပုံအတိုင်းပေါ်လာမည်ဖြစ်သည်။
snow2
၆။ iTunes ကိုဖွင့်ပါ။Recovery mode ဖြင့် iphone တစ်ခုတွေ့ကြောင်းပေါ်လာမည်။ok လုပ်လိုက်ပါ။ Shift ကီးကိုဖိပြီး Restore ကိုကလစ်လုပ်ပါ။စောစောက ထုတ်ထားသော Custom IPSW ကိုရွေးပေးလိုက်ပါ။iTunes မှဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။
snow32013-02-22 15.19.07   2013-02-22 15.24.12
၇။ Restore လုပ်ငန်းစဉ်ပြီးဆုံးသွားပါက Evasi0n icon အကြီးဖြင့် တက်လာပြီး Reboot ပြန်ကျသွားပါလိမ့်မည်။ဖုန်းပြန်တက်လာပါက Cydia>>User ရွေးပေးပြီး Untethered Jailbreak ကိုစတင်သုံးဆွဲနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
ဂုဏ်ယူပါတယ်မိတ်ဆွေ…သင့်ဖုန်းကို Sim Card မလိုပဲ Jailbreak & Activate လုပ်နိုင်ခဲ့တဲ့အတွက်ပါခင်ဗျာ။  :)
NickyPaing(MMAS).
 by myanmarmobileapp
by 

 

လပ်ကီးမြို့တော်